Objectives

လုပ်ငန်းရည်မှန်းချက်များ (Objectives)

–        နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းထွက် သယံဇာတပစ္စည်း များကို ပိုမို အသုံးပြုနိုင်ရန် လိုအပ်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊

–        ခေတ်မီသိပ္ပံနှင့် အင်ဂျင်နီယာပညာတို့ကို အခြေခံသည့် စက်မှုလုပ်ငန်းများ တိုးချဲ့တည် ထောင်နိုင်ရေးအတွက် လိုအပ်သည့် သုတေသနလုပ်ငန်းများကို လုပ်ဆောင်ရန်၊

–        နိုင်ငံခြားတိုင်းပြည်များမှ ခေတ်မီတိုးတက်သော သိပ္ပံနှင့်နည်းပညာရပ်များကို လေ့လာ၍ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အသုံးချနိုင်ရေး သုတေသန ပြုလုပ်ရန်၊

–        နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်

–        ပြည်တွင်းစီးပွားရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအား အထောက်အကူပြုရန်၊ ကုန်ကြမ်းကုန်ချောများ၏ အရည်အသွေးများ စစ်ဆေးပေးနိုင်မည့် အမျိုးသားအဆင့် ခေတ်မီဓာတ်ခွဲခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်၊

–        နိုင်ငံတော်တွင် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးမှန်ကန်စေရေးအတွက် အမျိုးသား အဆင့်စံချိန်စံညွှန်းဆိုင်ရာ အရည်အသွေး အ‌ခြေခံအဆောက် အဦ ခိုင်မာစွာ ပေါ်ထွန်းလာ စေရန်၊

–        သုတေသနစီမံခန့်ခွဲရေးဗဟိုဌာန (Research Administration Center) သည် အမျိုးသားအဆင့် သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ရာ တွင် လုပ်ငန်းဆောင် ရွက်ရာ၌ လိုအပ်သည့် စီမံခန့်ခွဲရေးကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်သွားရန် ၊

–        မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း(Myanmar Development Institute)သည် နိုင်ငံတော်၏ “ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ(Development Policy) နှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (Development Strategy) များရေးဆွဲချမှတ် အကောင်အထည်ဖော်ရန်နှင့် အမျိုးသားစွမ်းဆောင်ရည် မြင့်မား တိုးတက်ရေး ဆောင်ရွက်နိုင်ရန်” ဦးတည်သော ဖွံ့ဖြိုးမှု သုတေသနလုပ်ငန်းများကို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်၊

Comments are closed.