Strategies

လုပ်ငန်းစဉ်များ (Strategy)

 

(က) သိပ္ပံနှင့်နည်းပညာကို အ‌ခြေခံသော သုတေသနလုပ်ငန်းများ၊ လက်တွေ့အသုံးချနိုင်သော သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ခ) ပြည်တွင်း စက်မှုလုပ်ငန်းများတွင် တွေ့ကြုံရသော ကုန်ထုတ်လုပ် မှုနည်းပညာ အခက်အခဲနှင့် ပြဿနာများ ကူညီဖြေရှင်းပေးရေးကို ဦးတည်သည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဂ) ဓာတ်ခွဲခန်းအဆင့်တွင် အောင်မြင်ပြီးစီးသော သုတေသနလုပ်ငန်းများကို ကုန်ထုတ်လုပ်မှု အဆင့် ရောက်ရှိစေရန် လိုအပ်သည့် ဖွံ့ဖြိုးမှုအဆင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း
(ဃ) စီးပွားဖြစ်ထွန်း မှုအလားအလာရှိသော သယံဇာတပစ္စည်းများ အသုံးချနိုင်မှု အစီအစဉ်ကိုလေ့လာ ဖော်ထုတ်ခြင်း၊
(င) စမ်းသပ်စက်ရုံတည်ဆောက်ခြင်း၊ စက်ပစ္စည်းကိရိယာများကိုပုံစံပြုခြင်း၊ ထုတ်လုပ်ခြင်း၊
(စ) ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဆ) အမျိုးသားသိပ္ပံဥယျာဉ်တည်ထောင်ဖွင်လှစ်နိုင်ရေးနှင့် အမျိုးသားသိပ္ပံနည်းပညာဆိုင်ရာပြတိုက်ဖြစ်ပေါ် ရေးအတွက် ဆောင်ရွက်ခြင်း
(ဇ) ဗဟိုသိပ္ပံစာကြည့်တိုက်ဖွင့်လှစ်ထားရှိပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာစာပေများကို ဝယ်ယူစုဆောင်းခြင်း၊ အလဲအလှယ်ပြုခြင်း၊
(ဈ) သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ အကြံပေးမှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ ပြန်ကြားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သိပ္ပံနှင့်နည်းပညာ စာစောင်များ ပြုစုခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိရောင်းချခြင်း၊

 

Comments are closed.